ကွန်ဟိန်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာ ခြောက်ရွာကို အကျိုးပြုသည့် ပန်မှု့-ဝမ်ဟိန်းလမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၂၈ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကွန်ဟိန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ) ဦးကျော်မိုးဦးနှင့် အရည်အသွေး ထိန်းသိမ်းရေး အဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက လမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ပန်မုံ့-ဝမ်ဟိန်း လမ်းသည်အရှည် သုံးဖာလုံ၊ အကျယ် ၁၂ပေ၊ ဒု ကိုးလက်မရှိ ကျောက်ချောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၃၀ ဒသမ ၀၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု အခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်