ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျွဲလူးအိုင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီးထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားအား စက်တင်ဘာ၃ရက်နေ့တွင် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးညွန့်ဇော်မှ စီမံကိန်းအကြောင်း ရည်ရွယ်ချက် ရရှိမည့်အကျိုးကျေးဇူး၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ၊ အတိုးနှုန်းကာလ သတ်မှတ်ချက်တို့အား ရှင်းလင်း ပြောကြားခဲ့ ပါသည်။
ထို့နောက်စီမံကိန်းအား အကောင်အထည်ဖော်ရန် ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းရာ ကျေးရွာသူ၊ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ဥက္ကဌဦးမိုးကျော်သူပါ (၇)ဦးအား ရွေးချယ်ကာ ကျွဲလူးအိုင်ကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လုပ်ငန်းအဖွဲ့အား စနစ်တကျ ဖွဲ့စည်းပေးခဲ့ပါသည်။
Related News and Articles
Dial these numbers and email in case of any emergency