Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ


01 Feb,2025

သန်လျင် ဇန်နဝါရီ ၃၀
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို ၃၀.၁.၂၀၂၅ ရက်(ကြာသပတေးနေ့)တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဥပဒေ ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ(၁၈၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် ၁၆.၁.၂၀၂၅ရက် နေ့က ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊အမှုထမ်းများအနေဖြင့် ဥပဒေနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများရရှိစေရေးနှင့် မိမိတို့နိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် တည်ဆဲ ဥပဒေများ၊ ပြဋ္ဌာန်းဥပဒေများကိုသိရှိလိုက်နာနိုင်ရေးအတွက်ယခုကဲ့သို့ ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒုတိယအကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြဖြစ်စေရန်အတွက် တစ်ဦး တစ်ယောက်ချင်းမှစ၍ မိသားစု၊ ဌာန၊ အဖွဲ့အစည်းအလိုက် စည်းကမ်းလိုက်နာခြင်းမှသည် ဥပဒေကို သိရှိနားလည်အောင်လေ့လာ၍လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ ဥပဒေပညာဌာနမှ ဦးဆောင် ၍ဥပဒေအနှစ်ချုပ်လက်ကိုင် စာအုပ်များနှင့်သင်ရိုးညွှန်းတမ်းများရေးဆွဲပြုစုပြီး အရာထမ်း၊ အမှုထမ်း များအားလုံးကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမှာဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် ဥပဒေပညာဌာနမှ ပါမောက္ခ ၊ဌာနမှူးမှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊နည်းဥပဒေများ၊ဆက်သွယ်ရေးဥပဒေ၊အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ အပါအဝင် ဦးစီးဌာနများအတွက် ပြဋ္ဌာန်းထားရှိသည့် ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်