Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပါမောက္ခချုပ်ဖလား(အမျိုးသား၊အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


01 Feb,2025

သန်လျင်၊ ဇန်နဝါရီလ ၃၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား ဖူဆယ် ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀နာရီတွင် MH(109) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ တက္ကသိုလ် အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပပေးခြင်း အားဖြင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိပြီး သည်းခံမှု၊ ဇွဲရှိမှု၊ အနစ်နာခံမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ ရေသာမခိုမှု၊ စုပေါင်းစိတ်ဓါတ်ရှိမှု၊ စည်းကမ်းဉပဒေကို လေးစား လိုက်နာမှု၊ မှန်ကန်သော အဆုံးအဖြတ်ကို မငြိုမငြင်ခံယူတတ်မှု၊ တရားသဖြင့် အောင်မြင်မှုကိုရအောင် ဖန်တီးတတ်စေမှုစသည့် အားကစားစိတ်ဓါတ် အကျင့်ကောင်းများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ အားကစားပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများမှ သက်ဆိုင်သည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော အသင်းအုပ်ချုပ်သူ ဆရာ၊ ဆရာမများမှ အားကစားအသင်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ 
နိဂုံးချုပ်အနေဖြင့် ပါမောက္ခချုပ်မှ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနှင့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်အတွက် ဆရာ၊ဆရာမများမှ တိုက်တွန်း မှာကြားရန် လိုအပ်ကြောင်း၊ ပါမောက္ခချုပ်ဖလားဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အစည်းအဝေး ကို နေ့လယ် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်