Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၌ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


01 Feb,2025

နေပြည်တော်၊ ဇန်နဝါရီ ၃၁

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၌ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

          အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြိုင်ပွဲကျင်းပရေး၊ ဆပ်ကော် မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင် အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ လိုအပ်သည့် အခန်းများနှင့် အထောက်အကူပြု ပစ္စည်းများကို ပြင်ဆင်ဆောင်ရွက်ထားပေးမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်မှုကိစ္စများနှင့် ပတ်သက်၍ အသုံးစရိတ်များကိုလည်း ညှိနှိုင်းပြီး ခွင့်ပြုပေးထားပါကြောင်း၊ ဆုများရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်အဖွဲ့များ အနေဖြင့် သမာသမတ်ကျကျ ရွေးချယ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကတ်များနှင့် ယာဉ်ဝင်/ထွက်ခွင့်ကတ်များကိုလည်း ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း ရင်းနှီးပွင့်လင်းစွာ ပြောကြားပေးစေလိုပါကြောင်း၊

          ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ အတွင်း ရေးမှူးက ဆပ်ကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ နှင့် ဆက်လက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ အသေးစား(Micro) ထုတ်ကုန်ဆု၊ အငယ်စား(Small) ထုတ်ကုန်ဆု နှင့် အလတ်စား(Medium) ထုတ်ကုန်ဆုတို့အတွက် အကဲဖြတ်ဒိုင်အဖွဲများမှ တာဝန်ရှိ သူများက လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထုတ်ကုန်ဆု၊ ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည်အကောင်းဆုံးဆု နှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်ဆုတို့ အတွက် အကဲဖြတ်ဒိုင်အဖွဲများမှ တာဝန်ရှိသူများက လည်းကောင်း၊ အကဲဖြတ်ဒိုင်ချုပ်အဖွဲမှ တာဝန်ရှိ သူတစ်ဦးက လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြပါ သည်။

          ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြ ကြရာ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။   

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်