နေပြည်တော် ဇန်နဝါရီ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် (၂/၂၀၂၄-၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် e-Government စနစ်သည် ICT နည်းပညာအသုံးပြု၍ သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်းသို့ Online မှတဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ဝန်ကြီးဌာနဆိုင်ရာ e-Government လုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ e-Government ကော်မတီကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် နေ့တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုံးမှ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းထားပါကြောင်း၊ သတင်းအချက်အလက်များ၊ e-Services လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး IT System များကို Update ဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဦးစီးဌာနများ၊ တက္ကသိုလ်များအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် Master Plan 2030 နှင့်အညီ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် ကာလအပိုင်းအခြားအလိုက် Action Plan များ ရေးဆွဲပြီး ဦးစားပေး အစီအစဉ်အလိုက် ဘဏ္ဍာငွေ စနစ်တကျ စိစစ်သုံးစွဲ၍ ထိရောက်အောင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ဆောင်ရွက်ပြီးစီးမှူများနှင့် အကြံပြုချက်များ ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ဝန်ကြီး ဌာန Website, Facebook Page နှင့် အခြား Social Media Page များ၊ EDMS/ GPMS နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ e-RICSS တို့ အသုံးပြုရာတွင် ဦးစီးဌာနများ၊ တက္ကသိုလ်များအလိုက် တာဝန်ခံများ User Account Password များအား သတ်မှတ်ချက်များနှင့်အညီ လစဉ် ပြောင်းလဲ အသုံးပြုကြရန် မှာကြားလိုကြောင်း၊ ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး၊ Security Outbreak မဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ e-Government ဆိုင်ရာနည်းပညာသင်တန်းများသို့ အရည်အချင်းမီ ဝန်ထမ်းများ တက်ရောက်နိုင်ရေး စေလွှတ်ပေး ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်ရေးအတွက် ဒီဂျစ်တယ်စနစ် ဆောင်ရွက်နိုင်ရေး မိမိတို့ဝန်ကြီးဌာနက e-Commerce Website တည်ဆောက်ခြင်းနှင့် ထုတ်ကုန်များ မှတ်ပုံတင်နိုင် ရေးအတွက် Online Registration စနစ်များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Artificial Intelligence (AI) နှင့်ပတ်သက်၍ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်သည်အထိ အခြေခံသဘောတရားများကို လေ့လာထားကြရမည် ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာတို့မှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ ဝန်ကြီးဌာန၏ e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အလေး ထား ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များက သက်ဆိုင်ရာဦးစီးဌာန၊ တက္ကသိုလ်များအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက လိုအပ်သည်များ ဝိုင်းဝန်းရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိဂုံးချုပ်လမ်းညွှန်မှာကြားကာ အစည်းအဝေး ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်