ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေ ထိုးကျတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ဇီးချိုင်ကျေးရွာချင်းဆက် တံတားချဉ်းကပ်လမ်းနှင့်ကျေးရွာအဝင်လမ်း ပြန်လည်ပြုပြင်မှုများ ပြီးစီးသွားပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခိုင်ဇင်ဦးထံမှ သိရသည်။
ဟိုင်ကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာတွင် ဩဂုတ် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေး စီးဆင်းတိုက်စားသဖြင့် ဇီးချိုင်ကျေးရွာဘက်ကမ်းရှိ တံတားချဉ်းကပ်လမ်းနှင့် ကျေးရွာအဝင်လမ်း စုစုပေါင်း ၂၁၅ ပေခန့် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါပျက်စီးမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တံတားအတက်အဆင်း ချဉ်းကပ်လမ်း ၇၅ ပေနှင့် ကျေးရွာအဝင်လမ်း ၆၅ ပေ စုစုပေါင်း ပေ ၁၄၀ ကို မြေဖို့ခြင်း လုပ်ငန်းများနှင့် ၇၅ ပေးရှိ ယာယီသစ်သားတံတားတို့ကို ပြုလုပ်ဆောင်ရွက်ပြီး ဖြစ်သော ကြောင့် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။