Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ


30 Jan,2025

မကွေး ဇန်နဝါရီ ၂၉

        (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။

       ဦးစွာ ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပြန်လည်ပေးအပ်သည်။

        ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ယာယီရှင်းလင်းဆောင်၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတစ်ဝန်း နယ်ပယ်အနှံ့ဒေသစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်များ၊ သီးနှံများ သယ်ပို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံလွယ်ကူချောမွေ့ ကောင်းမွန်ရေးသည် အဓိက လိုအပ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရွာသာယာအဝင်လမ်း ကွန်ကရစ်လမ်းသစ်သည် မင်းဘူး-မင်းလှလမ်းမှ ရွာသာယာကျေးရွာသို့ ဆက်သွယ်ထားသော လမ်းဖြစ်သည့်အတွက် ဒေသခံကျေးရွာနေ ပြည်သူများ၏ ထုတ်ကုန်သီးနှံများ သယ်ယူရောင်းချရာတွင် လွယ်ကူမြန်ဆန်စေမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု မြန်ဆန်ချောမွေ့စေမည်ဖြစ်သည့်အပြင် လမ်းအနီးဝန်းကျင်ရှိ ကျေးရွာများ၌ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် သီးနှံထွက်ကုန်စိုက်ဧက ၃၁၂၅ ခန့်မှ ထွက်ရှိသော ကုန်စည်များကို မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

      ဆက်လက်၍ ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ထားပိုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်နိုင်မိုးက ပေးအပ်သည်။

     မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၃ ဘီလီယံခန့် အသုံးပြုပြီး ကွန်ကရစ်လမ်း ငါးလမ်း၊ ၊ ကတ္တရာ ရှစ်လမ်း၊ ကျောက်ချောလမ်း ငါးလမ်း၊ဂဝံမြေနီလမ်း ၃၀ စုစုပေါင်းလမ်း ၄၈ လမ်း၊ မိုင်ပေါင်း (၆၈/၄ ဒသမ ၈၂) မိုင်နှင့် ကွန်ကရစ်တံတား ၁၀ စင်း၊ ရေကျော် ၁၄ စင်း၊ ရေပြွန် ၃၂ စင်း စုစုပေါင်း ၅၆ စင်း အရှည်ပေပေါင်း ၂၃၈၀ ပေတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်