Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုများပေးအပ်


30 Jan,2025

ပြည် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်က ပြည်မြို့ရွှေတံခါး ရပ်ကွက်၊  တာဂွလမ်းဆုံ အနီးရှိ (သမာဓိ)မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပသည်။

အဆိုပါသွင်းအားစုပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းနှင့် မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုး သည့် အခြေခံသမဝါယမအသင်း(၃)သင်းမှ အသင်းသားတောင်သူ(၁၀၁)ဦး၏ စိုက်ဧက(၇၂၀) အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို တောင်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့‌သည်။

ယင်းပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများတက်ရောက်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်