ကျွန်းစု ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၄ ရက်က ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအထကတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
ဦးစွာ စာသင်ကျောင်းရုံးခန်း၌ တိုင်းဒေသကြီးဝန်ကြီးက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကျေးရွာများဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသခံများက လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပံ့ပိုးငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စခန်းသစ်-ဝါးအော် ကျေးရွာချင်းဆက် (၁/၄)မိုင်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေ ၂၀၈ ဒသမ ၀၆၅ သန်းဖြင့် ဆောင်ရွက်သည့် အကျယ် ၁၄ ပေ၊ ဒု ခြောက်လက်မ ကျောက်ချောလမ်းကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဝါးအော်ကျေးရွာ မူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ရန်ပုံငွေ ၃၈၄ ဒသမ ၁၂၀ သန်းဖြင့် ဆောင်ရွက်သည့် စခန်းသစ်-ပင်ပွားအော်-သဲအော်ကျေးရွာချင်း ဆက်လမ်း မိုင်တိုင်အမှတ် (၁/၁) မိုင်မှ (၁/၇)မိုင် အကြား (၀/၆) မိုင်ကို အကျယ် ၁၂ ပေ၊ ဒုခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် စခန်းသစ်- ဝါးအော် ကျောက်ချောလမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်