ရေတာရှည် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲ အခမ်းအနား ကို ဇန်နဝါရီ ၂၅ ရက်က ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာ၊ စည်းစိမ်တိုးစိုက်/ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်ပိုင်အိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် အမှာစကားများ ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်သန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုမြေသြဇာပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များက နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသားများထဲမှ စိုက်ဧက(၂၅၀) ရှိသော တောင်သူများအား သွင်းအားစုမြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်