Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်က စပါးနှင့် ဆောင်းနေကြာများ စိုက်ပျိုး


28 Jan,2025

ဖြူး ၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သမဝါယမကဏ္ဍမှ နွေစပါး ၁၂၅ ဧကအား လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်က YSR-1 စပါးမျိုး ၁၀ ဧက၊ GW-11 စပါးမျိုး ၅၀ ဧကနှင့် ထိုင်းနှံကောက်စပါးမျိုး ၆၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ YSR-1 စပါးမျိုး ၁၀ ဧကအား စိုက်ပျိုးပြီး ဖြစ်သည်။

ထို့ပြင် ဆီထွက်သီးနှံနေကြာအား သမဝါယမအသင်း ၆ သင်း၊ အသင်းသား ၃၃ ဦး၏ စိုက်ဧက ၃၀၀ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသင်းအနေဖြင့် နေကြာစံပြစိုက်ခင်း ၂၀ ဧက စိုက်ပျိုးခဲ့ပြီး အဆိုပါနေကြာ စိုက်ခင်းအတွက် လိုအပ်သည့် ရှရှားသဘာဝမြေဩဇာများ ပက်ဖျန်းခြင်းနှင့် ဘောင်လုံး၊ ပေါင်းရှင်းခြင်းများဆောင်ရွက် ထားရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်