Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


28 Jan,2025

ကျောက်ဆည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၂၄ ရက်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစန်းလွင်တို့က လမ်းညွှန်အမှာစကားများပြောကြားခဲ့ပြီး ကျောက်ဆည် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက သမဝါယမလုပ်ငန်းဆိုင်ရာများ ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းများ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီအရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြားတင်သွင်းခြင်း၊ အသင်းစာရင်းစစ်အဖွဲ့၏ စာရင်းစစ်အစီရင်ခံစာ ဖတ်ကြား ခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများ အတည်ပြုခြင်းများပြုလုပ်ခဲ့ပြီး အသင်းဝင် ကိုယ်စားလှယ်များမှ မေးမြန်းသည့်မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် အမှုဆောင် ဒါရိုက်တာအားလုံး အသင်းစာရင်းစစ်များ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အသစ်များ ရွေးချယ်တင်မြှောက်ခဲ့ပြီး တာဝန်များ ခွဲဝေအတည်ပြုခဲ့ကြောင်းနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အသစ်များက ကတိသစ္စာခံယူပြီး ရွေးချယ်တင်မြှောက်ခံရသော ဒါရိုက်တာဥက္ကဋ္ဌ ဦးကြည်စိုးက မိတ်ဆက်စကား ပြောကြားခဲ့ပြီး သဘာပတိဦးကျော်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်