မန္တလေး ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ဇန်နဝါရီ ၂၃ ရက်က အဆိုပါ ကောလိပ်ရှိ ရန်ကင်းခန်းမ၌ကျင်းပရာ သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာ တင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေး တိုင်းဒေသကြီးမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇)မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဥပဒေ များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်နိုင်ရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် စေလိုကြောင်း ဟောပြောခဲ့ပြီး တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ သမဝါယမကောလိပ်(မန္တလေး) ကျောင်းသား/ကျောင်းသူအဖွဲ့(၃)ဖွဲ့မှ “ကျန်းမာရေးနှင့် မူးယစ်ဆေး၊ အပေါင်းအသင်းနှင့် မူးယစ်အန္တရာယ်၊ မူးယစ်ဆေး၏ ဆိုးကျိုးများ” ခေါင်းစဥ်များဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်