ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆင်ပေါင်ဝဲ-ကိုးပင်လမ်းမကြီးမှ ကျွဲခြံကျေးရွာသို့ဆက်သွယ်သောလမ်းကို ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆင်ပေါင်ဝဲ-ကိုးပင်လမ်းမကြီးမှ ကျွဲခြံကျေးရွာဆက်သွယ်သော လမ်းအရှည် တစ်မိုင်အား ကတ္တရာလမ်းခင်းခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၂၀ ဒသမ ၉၂၅ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျွဲခြံကျေးရွာအပါအဝင် ကျေးရွာ ခုနစ်ရွာရှိ အိမ်ခြေ ၂၀၀၂ အိမ်၊ လူဦးရေ ၇၄၃၁ ဦး အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် အဖွဲ့ဝင်များ ဇန်နဝါရီ ၂၆ ရက်က ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်