Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပဲ-လုံကြိမ်လမ်း မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းပြီးစီး


27 Jan,2025

မိုးနဲ ဇန်နဝါရီ ၂၄

           ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းပဲ-လုံကြိမ်လမ်း မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

                 ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန( ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် မြို့နယ်တာဝန်ခံတို့က မိုင်းပဲ- လုံကြိမ်လမ်း မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ လမ်းအပိုင်း(၁)ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပြည်နယ်(မူလ) ခွင်ပြုရန်ပုံငွေကျပ် ၁၂၈ ဒသမ ၃၅၉ သန်းဖြင့် လမ်းအရှည် ၀ ဒသမ ၆၀၃၄ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာနှင့် ဒု ၂၂၅ မီလီမီတာကိုလည်းကောင်း၊ အပိုင်း(၂)ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၅၇ ဒသမ ၈၁ သန်းဖြင့် လမ်း အရှည် ၀ ဒသမ ၇၅၄ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ နှင့် ဒု ၂၂၅ မီလီမီတာတို့ကို တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဝိုးတောင်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်