Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်၌ ဂဝံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


24 Jan,2025

ရန်ကုန် ဇန်နဝါရီ ၂၃

            ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၂ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

         အဆိုပါ လက်ပံ-နန်းခလဲ -စစ်ကိုင်းစုနှင့် သရောတော ရွာ ဆက်သွယ်သည့်လမ်း လမ်းအကျယ် ၂၂ ပေ ရရှိစေရန် ၀/၆ မိုင်အတွင်း မြေကြီးလုပ်ငန်းဆောင်ရွက်မှုနှင့် (၀/ ၆ မိုင် x ၁၈ ပေx ၈ လက်မ) ဂဝံလမ်းခင်းခြင်းလုပ်ငန်း ခွင့်ပြုငွေကျပ် ၁၇၈ ဒသမ ၇၇၀သန်းဖြင့် ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

       ဆက်လက်၍ ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရသည့်ကုမ္ပဏီမှ တာဝန်ရှိသူများကို ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က ဂဝံလမ်းခင်းရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေးထားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်