Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


24 Jan,2025

ကျိုင်းတုံ ဇန်နဝါရီ ၂၃

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊တံတားလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

         ထိုသို့ ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦကျော်ဇေယျလင်း၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ ကျိုင်းတုံမြို့နယ် ကပ်တောင်-ဝမ်ပတ်-ဟိုရမ်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပန်ကွဲ-လွိုင်မွေလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်းဖြတ်မြို့နယ် ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်း ကျောက်ခင်းခြင်းလုပ်ငန်း၊ ယမ်းခမ်း-ဝမ်လုံး-မကာလမ်းပေါ်ရှိ ကွန်ကရစ်တံတား ပေ ၆o တည်ဆောက်ခြင်းလုပ်ငန်း၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်းမြို့ပတ်လမ်း ပြုပြင်ခြင်းလုပ်ငန်းနှင့် လွယ်တော်ခမ်းတံတား ပြန်လည်ပြုပြင်နေမှုတို့ ကို ဇန်နဝါရီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးနိုင်ရေးမှာကြားခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်