Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်မြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


23 Jan,2025

လွိုင်လင် ဇန်နဝါရီ ၂၂

         လွိုင်လင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု/ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လွိုင်လင်- လွိုင်မုံမိုင်းလမ်း ကတ္တရာခင်းခြင်း (၀/၃ ဒသမ ၂၂)မိုင်၊ ပင်လုံ-မက္ကန်းလန်းလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၇)မိုင်နှင့် ကောင်းမှုဂုဏ်စေတီမှ ပန်အွတ်ရွာသွားလမ်း ကျောက်ချောလမ်းခင်းခြင်း (၀/၅) မိုင်တို့ကို တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာ ဌာနမှတာဝန်ရှိသူများနှင့် တင်ဒါအောင်မြင်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

လွိုင်လင်မိုး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်