Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ဂဝံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


23 Jan,2025

ရန်ကုန် ဇန်နဝါရီ ၂

            ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သရောတောကျေးရွာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၈ ဒသမ ၇၇ဝ သန်းဖြင့် တင်ဒါအောင် Myanmar Golden Star Development L.,td က လက်ပန်-နန်းခလဲ-စစ်ကိုင်းစုနှင့် သရောတောကျေးရွာ ဆက်သွယ်သည့်လမ်းအား တာဝန်ယူဆောင် ရွက်လျက်ရှိသည်။ အဆိုပါလမ်းအား အကျယ် ၂၂ ပေ ရရှိအောင် မြေသားခင်းလမ်းလုပ်ငန်း ဆောင်ရွက်ပြုပြင်ပြီး ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးအေးမွန်နှင့် အဖွဲ့က ယနေ့နံနက်၁၁နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ ကျေးရွာကုန်ထုတ်လမ်းပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာရေးအဆင်ပြေကာ သရောတောကျေးရွာမှ အိမ်ခြေ ၃၇၆ အိမ်၊ လူဦးရေ ၁၄၅၀ တို့၏ ဧက ၃၁၂၂ မှ လယ်ယာထွက်ကုန် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်