သန်လျင်၊ ဇန်နဝါရီ ၂၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စကားရည်လုပြိုင်ပွဲကို ၂၁-၁-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဘက်စုံသုံးခန်းမ၌ မြန်မာစာဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စကားရည်လုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်၊ တက္ကသိုလ်လှုပ်ရှားမှု ပြပွဲ၊ ပြိုင်ပွဲများတွင် စုပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်စေရန် နှင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခြင်းအတွေ့အကြုံမှတစ်ဆင့် ဘက်စုံ ထူးချွန်သည့် လူရည်ချွန် လူရည်မွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်က စကားကြီးဆယ်မျိုးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုစကားကြီးဆယ်မျိုးကို အသုံးပြု၍ စကားရည်လုပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြရန် မှာကြားခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃)ဦး ပါဝင်သည့် အဖွဲ့ (၄)ဖွဲ့ဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ပိတောက်ပန်းအဖွဲ့မှလည်းကောင်း၊ ဒုတိယဆုကို အင်ကြင်းပန်းအဖွဲ့မှ လည်းကောင်း၊ တတိယဆုကို ချယ်ရီပန်းအဖွဲ့နှင့် နှစ်သိမ့်ဆုကို ကုမုဒြာကြာပန်းအဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်