ဒေးဒရဲ ၊ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် ဒေသခံ တောင်သူများက စပါးအပြင် ဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေး ရည်ရွယ်၍ မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ စံပြစိုက်ခင်းငါးဧကတွင် ဆောင်းနေကြာရေဆင်းစပ်မျိုး (၁) များ စိုက်ပျိုးထားရှိသည်။
ဒေးဒရဲမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိထားဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် နွေစပါး ၇၆၇၈၀ ဧက၊ ဆောင်းနေကြာ ၃၂၀ ဧက၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းဧက ၂၀၀၀ ကျော်နှင့် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်