မြစ်ကြီးနား ဇန်နဝါရီ ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့်တာဝန်ရှိသူများက မော်ဖောင်းကျေးရွာအုပ်စု မော်ဖောင်းကျေးရွာ၌ ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဆွေ၊ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ မော်ဖောင်းကျေးရွာ၌ အရှည် ၅ ဒသမ ၆ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မော်ဖောင်းကျေးရွာရှိ အဆိုပါ ကွန်ကရစ်လမ်းကို ပြည်နယ်(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ အသုံးပြု၍ ၂၀၂၄ ခုနှစ် ဇွန်လစတုတ္ထပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချိုသန်းညွန့် (ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်