Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ်ရှိ ကျေးရွာများကို အကျိုးပြုမည့် ချောင်းကူးတံတားများ တည်ဆောက်နေမှုစစ်ဆေး


22 Jan,2025

မြစ်ကြီးနား ဇန်နဝါရီ ၂ဝ

            ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်စေရန်ရည်ရွယ်၍ မော်ဖောင်းကျေးရွာအုပ်စုနှင့် နန်းကွေ့ကျေးရွာအုပ်စုတို့အတွင်းရှိ ငါးအိုးချောင်းကူးတံတားနှင့် နန်းကွေ့ချောင်းကူးတံတားများတည်ဆောက်မှု အခြေအနေများကို ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့စစ်ဆေးရာတွင် တံတားတည်ဆောက်ရေးရုံးချုပ် (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ဆွေ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် တာဝန်ရှိသူများက မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ အရှည်ပေ ၃၀၀၊ အကျယ်ပေ ၂၀ ရှိ ငါးအိုးချောင်းကူးတံတားတည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည် များကို ဆွေးနွေးမှာကြားသည်။

            ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် မော်ဖောင်းကျေးရွာအုပ်စုနှင့် နန်းကွေ့ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော အရှည် ၃၂၄ ပေ၊ အကျယ်ပေ ၂၀ ရှိ နန်းကွေ့ချောင်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဆိုပါချောင်းကူးတံတားကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

             အဆိုပါ ချောင်းကူးတံတားများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချိုသန်းညွန့် (ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်