Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား


22 Jan,2025

နေပြည်တော် ဇန်နဝါရီ ၂၀

        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမွမ်းမံသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို (၂၀-၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။ 

       ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ အလေးအနက်လိုက်နာမှတ်သား သင်ယူကြရန်၊ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည်များကို လက်တွေ့ကျကျ အကျိုးရှိရှိ/ထိထိရောက်ရောက် ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ မိမိတို့ ဦးစီးဌာနမှ ချမှတ်ထားသော  ကျင့်ဝတ်နှင့်တန်ဖိုးကို လေးစားလိုက်နာ၍ ‌ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

     အဆိုပါသင်တန်းကို (၂၀-၁-၂၀၂၅)ရက် နေ့မှ (၂၈-၁-၂၀၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ  (၄၀)ဦးတက်ရောက်ကြကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်