မြိတ် ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ) မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၉ ရက်က ကျွန်းစုမြို့နယ် ရုံးဝန်ထမ်းများအား တွေ့ဆုံပြီး မြို့နယ်ရုံးတည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ကျွန်းစုမြို့နယ် ရုံးဝန်ထမ်းများအား အင်ဂျင်နီယာချုပ်က လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။ ထို့နောက် မြို့နယ်ရုံး ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းနှင့် ရုံးခြံစည်းရိုးမြေနေရာအတွက် အောက်ခံမြေသား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မြို့နယ်ရုံး ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ရုံးခြံစည်းရိုးမြေနေရာအတွက် အောက်ခံမြေသား ပြုပြင်ခြင်းလုပ်ငန်း ပေ ၅၄၀ ကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာ နှစ် ရန်ပုံငွေ ၅၄ ဒသမ ၅၅၀ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်