မြစ်ကြီးနား ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေများဖြင့် ကျေးရွာချင်းဆက် လမ်း/တံတားများ ဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက မော်ဖောင်းကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် ဝန်ထမ်းများသည် မော်ဖောင်းကျေးရွာ၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း၊ လမ်းများချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၎င်းလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ကိုးလက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း အမျိုးအစားဖြစ်ပြီး ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ယခုနှစ် ဇွန်လ ပထမပတ် မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်