Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပန်မြို့နယ် မိုင်းပန်-ကုန်းကျိုင်းလမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်


21 Jan,2025

မိုင်းပန် ဇန်နဝါရီ ၁၈

          ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် မိုင်းပန်-ကုန်းကျိုင်းကျောက်ချောလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကြည့်ရှုစစ်ဆေး

         မိုင်းပန်-ကုန်းကျိုင်း ကျောက်ချောလမ်းမှ အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအရည်အသွေး ပြည့်ဝစေရေး မှာကြားသည်။

         အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၀၇ ဒသမ ၃၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၇၈ အိမ်၊ လူဦးရေ ၃၁၃ ဦးကို အကျိုးပြုမည်ဖြစ် ကြောင်း သိရသည်။

မောင်ခိုင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်