နေပြည်တော် ဇန်နဝါရီ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်း ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဥယျာဉ် စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံနေကြာစိုက်တောင်သူ များနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန ဦးစီးမှူးက တပ်ကုန်း မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရိတ်သိမ်းဆွတ်ခူးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ်မြေ ဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီ ရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက် ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာဆီထွက် သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ နေကြာစိုက်တောင်သူများ အနေဖြင့် နေကြာစိုက်ပျိုးခြင်းမှ ရရှိသည့် တစ်ဧက အထွက်နှုန်းများကို စနစ်တကျမှတ်သားထားပြီး စိုက်ပျိုးသည့် နေကြာမျိုးအလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧကအထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စိုက်ပျိုးသည့်အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက် သွားရန်လိုအပ်ကြောင်းနှင့် နေကြာများ ရိတ်သိမ်းပြီး ပါက နွေစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆောင်းနေကြာ များစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ထားသော ဆင်သေချောင်းယာယီရေထိန်းတာ တည်ဆောက်ကာ ဆိုလာဓါတ်အားပေး စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေအချိန်မီရရှိရေး ပူးပေါင်းဆောင်ရွက် သွားရန်နှင့် ဒေသခံတောင်သူများ အနေဖြင့်လည်း စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက် သီးနှံများ သီးထပ်(၃)သီး အမှန် တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးရေအတွက် ကုန်ကျမှုအပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပြန်လည်ရရှိမှာ ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းအတွက် ထိရောက်အကျိုးရှိမှာဖြစ်ကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရ မည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း အမှန်တကယ် စည်းရုံးဆောင်ရွက်ကြဖို့ လိုအပ် ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာရှိ ချောင်းကမ်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းပိုင် စိုက်ပျိုးမြေဧက ၇၉ ကျော်အနက် စိုက်ပျိုးဧက ၂၂ ဧကတွင် ဆီးထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရန်ကျန်ရှိသည့် ဧကများတွင် နွေစပါးစိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ် ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေ အချိန်မီရရှိရေး၊ လိုအပ်သည့် မျိုးနှင့် သွင်းအားစုများ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေးနှင့် ပန်တိုင်အထွက်နှုန်းပြည့် မီရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ် ကြောင်းနှင့် လိုအပ်သောနည်းပညာ နှင့်ဝန်ဆောင်မှုများကိုပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်