Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြင်ဖြစ်ထွန်းနေသည့် စံပြနေကြာစိုက်ခင်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


21 Jan,2025

ကျောက်ဆည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၉ ရက်က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာ လယ်ယာမြေနှင့် အထွေထွေ သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးနေဝင်း စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စံပြစိုက်ကွင်းသည် ဒွေးလှကျေးရွာ၊ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်အမှတ် (၁၄၅)တွင် စိုက်ပျိုးထားရှိပြီး အကျယ်(၂)ဧကရှိကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ နေကြာမျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးပေးထားကြောင်း၊ စိုက်ပျိုးရာတွင် တစ်ဧကသတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ပင် ဝင်ဆန့်စေရန် ပင်ကြား၊ တန်းကြား(၉)လက်မကျော် စိုက်ပျိုးထားရှိပြီး အပင်ငယ်ချိန်တွင် သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ လိုအပ်သည့်မြေဆီများကြွေးခြင်း၊ ရုရှားသဘာဝရွက်ဖျန်း မြေဩဇာများ အသုံးပြုစိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး ဒွေးလှကျေးရွာ၊ လယ်ယာ မြေနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းသားတောင်သူ (၆၆)ဦးတို့မှ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာမျိုး(၂၀၂)ဧက  စိုက်ပျိုးထားရှိကြောင်းနှင့် တောင်သူများ စိုက်ပျိုးစရိတ်သက်သာရေး မြို့နယ်သမဝါယမဦးစီးဌာနမှ ငွေကျပ်(၂)သိန်းနှင့်ညီမျှသော နေကြာမျိုးစေ့များသွင်းအားစုများ ပံ့ပိုးပေး ထားကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်