ညောင်ရွှေ၊ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ နေကြာစိုက်ပျိုးသည့်သမဝါယမအသင်းသား တောင်သူများအား ဆီနေကြာပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပညာပေးဟောပြောပွဲကို မိုင်းသောက် ကျေးရွာ၊ ပင်မြင့်စံ နေ့ကလေးထိန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက် ရမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ရုရှား ရွက်ဖြန်းအားဆေးမှ တာဝန်ရှိသူတို့က ဆီနေကြာစိုက်သမဝါယမအသင်းသားတောင်သူများအား အချိန် ကာလအလိုက် ဆောင်ရွက်သင့်သည့်အခြေအနေများ၊ သဘာဝမြေသြဇာ ပိုးသတ်ဆေးအသုံးပြုရမည့် အချိန်အား ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမအသင်းသားတောင်သူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါပညာပေးဟောပြောပွဲသို့ မြပုလဲစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ ရောင်နီဦး လယ်ယာနှင့်အထွေထွေသမဝါယမအသင်းနှင့် ပင်မြင့်စံငွေစုငွေချေးသမဝါယမအသင်းတို့မှ အသင်းသား တောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်