Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြခရိုင်အတွင်း ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


20 Jan,2025

မြောင်းမြ ဇန်နဝါရီ ၁၇

            ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၄ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (တိုင်းဒေသကြီး/ပြည်ထောင်စု) ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သမင်ခြံ-အစုကြီးလမ်း မြေသားလမ်းခင်းခြင်းနှင့် ပဆင-မဒေါ့ပင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ဝါးခယ်မမြို့နယ် ပဆငမှ ကလိပ်ကျုံပတုပ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း၊ ပဆငမှ ကြခက်ကုန်း-ကျောင်းစုလမ်းပေါ်ရှိ ကျေးရွာချင်းဆက်ကွန်ကရစ် တံတား ပေ ၆၀ တည်ဆောက်ခြင်း၊ အိမ်မဲမြို့နယ် အိမ်မဲ-ဝါးခယ်မ ကားလမ်းမှ ကြာတန်းလမ်းကျောက်ချောခင်းခြင်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်