Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသခံပြည်သူများအား အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ


02 Sep,2022

လွိုင်ကော်၊ စက်တင်ဘာ ၂

          ဒေသခံတိုင်းရင်းသားပြည်သူများ အနေဖြင့် အခြေခံစက်ချုပ်နည်းပညာများ တတ်မြောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးဖြစ်ထွန်းလာပြီး မိသားစုဝင်တိုးပွားလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့မှစတင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ လွိုင်ကော်မြို့၌ ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။

          သင်တန်းတွင် ကလေးဝတ် သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ ကလေးဝတ် ဂါဝန်အမျိုးမျိုး၊ အမျိုးသမီးဝတ် (၃)လွှာ စကတ်၊ (၄)လွှာ စကတ်၊ ချိတ်စကတ်နှင့် အမျိုးသမီးဝတ် ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ ပညာရပ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖြစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လက်မှုထုတ်ကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း၊ စက်မှုစက်ပြင်နှင့်အိမ်တွင်းလျှပ်စစ်နည်းပညာသင်တန်းတို့ကို သင်ကြား ပေးသည့်လျက်ရှိပြီး ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ) နှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများတွင်လည်း ယွန်းအတတ်ပညာများ၊ ရက်ကန်း အတတ်ပညာများ၊ ချည်မျှင် နှင့် အထည်အလိပ်ပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm