မြိတ် ဇန်နဝါရီ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦးနှင့် တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကျေးလက်နေ ပြည်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေများဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကလွင်- ကရှက်-တောင်ပြိုလမ်း (မြို့ပတ်(၁)လမ်း) တွင် (၁/၃.၅-၂/၇.၅) မိုင်ကြား(၁/၄)မိုင်ကို မူလလမ်း အကျယ်မှ တစ်ဖက်လျှင် ၅ ပေ အကျယ်စီနှင့် မူလပျက်စီးနေသော လမ်းမျက်နှာပြင်၏ လမ်းအနိမ့်အမြင့် ဖြေညှိကတ္တရာခင်းခြင်း၊ ရေပိတ်လွှာ နှစ်ထပ်လောင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကလွင်-ကရှက်- တောင်ပြိုလမ်း (၂/၇.၅-၃/၃.၅) မိုင်ကြား (၁/၄)မိုင်ကို မူလလမ်း အကျယ်မှ တစ်ဖက်လျှင် ၅ ပေ အကျယ်စီနှင့် မူလပျက်စီးနေသော လမ်းမျက်နှာပြင်၏ လမ်းအနိမ့်အမြင့် ဖြေညှိကတ္တရာခင်းခြင်း၊ ရေပိတ်လွှာ နှစ်ထပ်လောင်းခြင်းကို မြိတ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် နေမှုကို အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်