ပင်လောင်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မြသင်းဆွေနှင့် တာဝန်ရှိသူများသည် ယခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၁၃၄ ဒသမ ၈၂၄ သန်းဖြင့် ပင်လောင်းမြို့နယ် ဆောင်း ပေါင်-ထီရွေး-ထီရယ်-ပေါ့ယား- ကျောင်းနား-ကျောက်ဆောင်-လယ်ကြား- မွေတော်-လုံးပိုးလမ်းကို ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်မှုဖြစ်သည့် အရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၃ လက်မရှိ ကတ္တရာလမ်းခင်းခြင်းကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့ပြင်ယခုဘဏ္ဍာရေးနှစ်ပြည်ထောင်စု ခွင့်ပြုငွေ ငွေကျပ် ၉၂ ဒသမ ၉၂၉ သန်းဖြင့် ပင်လောင်းမြို့နယ် ထီရွေး-မြင်းသောင်းလမ်း အရှည် ၃ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၉ လက်မရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်