Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ


17 Jan,2025

နေပြည်တော်၊ ဇန်နဝါရီ ၁၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်သည့် Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ် စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မဲခေါင်- လန်ချန်း စီမံကိန်းသည် စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခု နည်းပညာပေးသင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်၊ အတတ်ပညာများသည် အသက်မွေးဝမ်းကျောင်း ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်နိုင်ပြီး အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိ သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးသူဘေး အန္တရာယ်ကင်းရှင်းရေးနှင့် အဟာရပြည့်ဝရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ယခု သင်တန်းဆင်းများ အနေဖြင့် အားထည့် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းကာလ တစ်လျှောက် လှုပ်ရှားမှုမှတ်တမ်း Video Clip အား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများ၏ သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခု ဖွင့်လှစ်ခဲ့သော နည်းပညာပေးသင်တန်းတွင် သင်တန်းသား(၁၅)ဦးအား ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးကြော်၊ ကိတ်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ ကြက်သားလိပ်နှင့် စာကလေးခွေ ပြုလုပ်နည်းတို့ကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၆ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်