Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု


20 Jan,2025

ကြံခင်း ဇန်နဝါရီ ၁၇.

            ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

            ဦးစွာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် Phyo Thin Kyaw Co.Ltd. မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တံတားဦး ကွန်ကရစ်တံတား ပေ ၁၀၀ ပထမ ပိုင်းတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုကို လည်းကောင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် Dwelling Place Co.Ltd မှ တာဝန် ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ် – မုံရွာ - ဝန်ထောက်ကွင်း- ပင်ကတိုင်း - ဂွေးချို - သာပေါင်းလမ်း (၀/၃ ဒသမ ၄၅) မိုင် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် ဂွေးချို(၁၆၄)တံတားအား ကျေးရွာမှ ယာယီတံတားဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုသိန်းဇော်လင်းတို့မှ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်