Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေကြာစိုက်သမဝါယမအသင်းသားတောင်သူများ ဆီနေကြာပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး ပညာပေးဟောပြောပွဲ ကျင်းပ


20 Jan,2025

ညောင်ရွှေ၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ နေကြာစိုက်ပျိုးသည့်သမဝါယမအသင်းသား တောင်သူများအား ဆီနေကြာပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပညာပေးဟောပြောပွဲကို မိုင်းသောက် ကျေးရွာ၊ ပင်မြင့်စံ နေ့ကလေးထိန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက် ရမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ရုရှား ရွက်ဖြန်းအားဆေးမှ တာဝန်ရှိသူတို့က ဆီနေကြာစိုက်သမဝါယမအသင်းသားတောင်သူများအား အချိန် ကာလအလိုက် ဆောင်ရွက်သင့်သည့်အခြေအနေများ၊ သဘာဝမြေသြဇာ ပိုးသတ်ဆေးအသုံးပြုရမည့် အချိန်အား ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမအသင်းသားတောင်သူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါပညာပေးဟောပြောပွဲသို့ မြပုလဲစိုက်/‌ထွေသမဝါယမအသင်း၊ ရောင်နီဦးလယ်/ထွေ သမဝါယမအသင်းနှင့် ပင်မြင့်စံစု/ချေးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူ(၅၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်