Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ


17 Jan,2025

သန်လျင် ဇန်နဝါရီ  ၁၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ၁၇-၁-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလု်ပရာ ဒုတိယ ပါမောက္ခချုပ်(သင်ကြား) တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စာသုံးသူအသိပညာများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသည့် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။ အဆိုပါ ဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်