Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ရှိ သင်တန်းသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး မိတ်ဆက်ဟောပြော


17 Jan,2025

မကွေး ဇန်နဝါရီ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အောင်လက်မှတ်ရ သင်တန်းသားများအား အလုပ်အကိုင်အခွင့်အလမ်းရရှိရေး မိတ်ဆက်ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်က အဆိုပါသင်တန်းကျောင်းရှိ သီရိရတနာခန်းမတွင်  ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာစိုးက အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းက သင်ကြားမှုနှင့် တတ်မြောက်မှုအခြေအနေကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား(၁)ဦးမှ သင်ကြားတတ်မြောက်မှုအခြေအနေအပေါ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများက အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ကို (ဖန်ခါးမြေ)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်