မိတ္ထီလာ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပျဉ်သာကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းထံသို့ မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နို့စားနွားမွေးမြူရေးလုပ်ငန်း လျာထားချက်အပေါ် တိုးချဲ့မွေးမြူရေးနိုင်ရေး အတွက် ပံ့ပိုးငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၅ က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပံ့ပိုးငွေပေးအပ်ပွဲတွင် သဲကုန်းကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမ အသင်း တာဝန်ရှိသူများထံသို့ ဖရီရှန်နို့စားနွား ၂၂ ကောင် မွေးမြူရန် ငွေကျပ် ၄၄ဝ သိန်း၊ နွားခြံဆောက်လုပ်ရန် ငွေကျပ် ၁၂ဝ သိန်းနှင့် နွားစာစာရိတ် ပံ့ပိုးငွေကျပ် ၃၂ သိန်း စုစုပေါင်း ငွေကျပ် ၅၉၂ သိန်းကျပ်အား မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များက ပံ့ပိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်