နေပြည်တော် ဇန်နဝါရီ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကယားပြည် နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေ၊ လက်ရှိဝန်ထမ်းအိမ်ရာတွင် နေရာချထားမှုအခြေအနေနှင့် တစ်ဦးချင်းအခက်အခဲများ ကို မေးမြန်းကာ ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ နေရပ်သို့ ပြန်လည်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြား ပေးနေသော အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် ဝင်ငွေတိုးရေးစီမံကိန်းနှင့် ချိတ်ဆက်သင် ကြားဆောင်ရွက်ပေးရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝ တိုးတက်မြင့်မားရေးအတွက် အစဉ် အမြဲ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် (၄) ခန်း တွဲ၊ (၃) ထပ် R.C ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကယားပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နဒီ ရုံးပတ်လမ်း ပေ (၂၆၀၀) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယမန်နေ့ညနေပိုင်းကလည်း ဒုတိယဝန်ကြီးသည် ကယားပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ MSME အသေးစားစက်မှု လက်မှုထုတ်ကုန်များပြခန်းသို့ သွားရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်