လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ
**************************************************************************
လှိုင်းဘွဲ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက ဒိုင်းပြကျေးရွာအုပ်စု၊ ဒိုင်းပြကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ခန်းစာများကို လက်တွေ့အသုံးချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်ကြရန် မှာကြားကာ ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းမှ သင်တန်းဆရာအား အမှတ်တရလက်ဆောင်များနှင့် သင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာမှ သင်တန်းသား ၁၀ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၁၄ရက်နေ့ထိ နှစ်ပတ်ကြာ ဆိုင်ကယ်စက်ပြင် နည်းသင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်