Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစပယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ သွင်းအားစုများ ပေးအပ်


14 Jan,2025

မြောင်းမြ ၊ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိ မြစပယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ရွှေပြည်အေးကျောင်းတိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာညွန့်က မြစပယ်စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းသို့ သွင်းအားစုများထုတ်ပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီးနောက် ငွေကျပ် ၄၂.၅၄၉ သန်းတန်ဖိုးရှိ သွင်းအားစုပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ သွင်းအားစုလုပ်ငန်းမြို့နယ် အဆင့်ကော်မတီဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်