Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ် အသေးစားလုပ်ငန်းရှင်များသမဝါယမအသင်းလီမိတက်မှ ကျောက်သင်ပုန်းအခြေခံထုတ်ကုန်ပစ္စည်းများထုတ်လုပ်မှု ကွင်းဆင်းကြည့်ရှု


14 Jan,2025

ချောင်းဆုံ၊ ဇန်နဝါရီလ ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အသေးစားလုပ်ငန်းရှင်များသမဝါယမအသင်းလီမိတက်မှ ကျောက်သင်ပုန်းအရွယ်စုံနှင့် ကျောက်သင်ပုန်းနာရီ၊ ကျောက်ထွင်းရုပ်ပုံများ၊ စာတန်းပါကျောက်သင်ပုန်းများ၊ ကျောက်တံများနှင့် ဓါးသွေးကျောက်များထုတ်လုပ်နေမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးသည် ဦးစီးအရာရှိ(ပြည်နယ်)၊ ဦးစီးအရာရှိ(မြို့နယ်)တို့နှင့်အတူ ကျောက်သင်ပုန်း ထုတ်လုပ်ရာလုပ်ငန်းခွင်(မုဒွန်းကျေးရွာ)သို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီးနောက် အသင်းအမှုဆောင်များ၊ အသင်းသား များနှင့် တွေ့ဆုံ၍ ကျောက်သင်ပုန်းထုတ်လုပ်ရာတွင် လိုအပ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက် ခဲ့သည်။

အသေးစားလုပ်ငန်းရှင်များသမဝါယမအသင်းလီမိတက်အနေဖြင့် ကျောက်သင်ပုန်းလုပ်ငန်း၊ သံပန်း စတီးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဓနိဖူးခြောက်လုပ်ငန်းများ လုပ်ကိုင်သည့် အသင်းသားလုပ်ငန်းရှင် ၂၀ ဦး ဖြင့် ပါဝင်ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး၊ ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေကျပ်သန်း ၃၀ ကို ရယူဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းမှ တစ်လလျှင် ပျမ်းမျှစုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၆ သိန်းတန်ဖိုးရှိ ကျောက်သင်ပုန်းပစ္စည်းများထုတ်လုပ်၍ ချောင်းဆုံ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် မန္တလေး ဈေးကွက်များသို့ ရောင်းချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်