ဓနုဖြူ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင် နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့က စံကင်း - ကလော့သော့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပုကွန်တံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်