Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ်အတွင်း ကျေးလက်လမ်းတံတားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်


15 Jan,2025

ပန်းတနော် ဇန်နဝါရီ ၁၄

            ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၃ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် အဖွဲ့တို့ ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းများဆောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

                အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မင်းကုန်းမြောက်-ကျုံတကယ် ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ဌာနမှဆောင်ရွက်သည့် ကျုံပတော ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုရာ မအူပင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ပန်းတနော် မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)(တာဝန်) နှင့် အဖွဲ့ဝင်များက လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်