ကျိုက်လတ်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
ကျိုက်လတ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကို ဇန်နဝါရီလ၁၄ရက်နေ့ နံနက်တွင် အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ကျိုတ်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး ဦးသူရရှိန်က ကျေးရွာများ၏ လုပ်သားလိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို စိစစ်ရွေးချယ်ပြီး ယခုလို အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံပေးအပ်သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတို့မှ သင်တန်းသူ ၂၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာနှင့် သက်ဆိုင်သည့် သင်ခန်းစာများကို လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် ၂၅ရက်ကြာ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်