(က) တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွန်းလာစေပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီဆောင်ရွက်မည်။
(ခ) အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ် တကျ မှတ်ပုံတင်ပေး၍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးသွားမည်။
(ဂ) အသေးစားစက်မှုလုပ်ငန်းထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီပြီး ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းရေးအတွက် ခေတ်မီ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများဖြင့် စမ်းသပ်ဆောင် ရွက်ပေးသွားမည်။
(ဃ) ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာများ ရေရှည် တည်တံ့ထွန်းကားရေးအတွက် ဒီပလိုမာအဆင့် တတ်မြောက် သူများနှင့် ကျွမ်းကျင်သူများဖြစ်စေရေး လေ့ကျင့်မွေးထုတ် ပေးသွားမည်။ ၎င်းအပြင် ကျွမ်းကျင်သူများကို အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု (NSSA)လက်မှတ် ရရှိရေးဆောင်ရွက်ပေးသွားမည်။
(င) တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ထူထောင်လို သူများနှင့် တန်ဖိုးမြှင့််ထုတ်ကုန် ထုတ်လုပ်လိုသူများအတွက် လေ့ကျင့်ပျိုးထောင်ရေးစင်တာ(Incubation Centre)များ တည်ထောင် ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို သင် ကြားပေးရာ၌ လိုအပ်သည့် ငွေကြေး၊ လုပ်ငန်းထူထောင်လိုသူ များအတွက် အရင်းအနှီး၊ အထောက်အကူပစ္စည်းများ၊ နည်းပညာ များ ပံ့ပိုးနိုင်ရန် ဘဏ္ဍာငွေရရှိရေးအတွက် နိုင်ငံတော်မှ ခွဲဝေ ချထားပေးသည့် ဘဏ္ဍာရန်ပုံငွေအပေါ် မူတည်၍ ကူညီဆောင် ရွက်ပေးသွားမည်။
(စ) အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်း ပြပွဲ၊ပြိုင်ပွဲ၊ ဈေးရောင်း ပွဲနှင့် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ထုတ်လုပ်သူနှင့် ရောင်းချ သူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မြန်မာ့လက်မှု အနုပညာစင်တာ(MHC)အရောင်းခန်းမ ဖွင့်လှစ်ရောင်းချပေးခြင်း နှင့် IT နည်းပညာ အသုံးပြု၍ e-commerce အသုံးပြုနိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးသွားမည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။