Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

နောက်ခံသမိုင်းအကျဉ်း

(က) ၁၉၇၀ပြည့်နှစ် သမဝါယမစီမံကိန်းအရ သမဝါယမပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်/တိုင်းသမဝါယမသင်တန်းကျောင်းများကို တိုင်းစစ်ဌာနချုပ်တပ်တွင်း ပညာပေး သင်တန်းကျောင်းများတွင် ကနဦးဖွင့်လှစ်ခဲ့ကြရပါသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း တပ်တွင်းပညာပေးသင်တန်းကျောင်းတွင် ၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၌ စတင် ဖွင့်လှစ်ခဲ့ပါသည်။

(ခ)  ၁၉၇၀ ခုနှစ်တွင် သမဝါယမအသင်းများက ဖွဲ့စည်းတည်ထောင်ပြီး သမဝါယမဦးစီဌာနမှ ကြီးကြပ်ဆောင်ရွက်သော သမဝါယမသင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီမံချက်ကို သမဝါယမ ဦးစီးဌာန၏ (၂၇-၆-၇၂) ရက်စွဲပါစာအမှတ်၊ ဂ-၁၀ ဖြင့် ထုတ်ပြန်ညွှန်ကြား ခဲ့ပါသည်။ ထိုစီမံချက်အရ ရှမ်းပြည်နယ် သမဝါယမသင်တန်းကျောင်းကို တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(ပ/၁)ရှိ မြေနှင့် အဆောက်အဦ သို့ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ယခုတိုင် ဖြစ်ပါသည်။

(ဂ)   (၃၁-၅-၂၀၂၂)ရက်နေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ၏ သဘောတူခွင့်ပြုချက်အရ သမဝါယမ သင်တန်းကျောင်း(တောင်ကြီး) အား သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေး ပညာ သင်တန်းကျောင်းအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

 

သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာသင်ကျောင်း(တောင်ကြီး)၏ ခေတ်အဆက် ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

အမည်

ဝန်ထမ်းအဆင့်

ကာလ

မှ

ထိ

ဦးသောင်းဝင်း

ဒုတိယညွှန်ကြားရေးမှူး

၆-၁၁-၁၉၇၀

၁၄-၃-၁၉၇၃

ဦးခင်မောင်ဖြူ

ဒုတိယညွှန်ကြားရေးမှူး

၁၅-၃-၁၉၇၃

၁၅-၅-၁၉၇၅

ဦးစိန်မောင်

ဦးစီးမှူး

၁၆-၅-၁၉၇၅

၂၄-၆-၁၉၇၆

ဦးစိုးမြင့်အောင်

ဦးစီးမှူး

၂၅-၆-၁၉၇၆

၂၉-၁၀-၁၉၇၆

ဦးစပ်မောင်ခင်

ဦးစီးအရာရှိ

၃၀-၁၀-၁၉၇၆

၈-၆-၁၉၈၀

ဦးခင်မောင်အုန်း

ဦးစီးအရာရှိ

၉-၆-၁၉၈၀

၂-၈-၁၉၈၀

ဦးမောင်မောင်

ဦးစီးအရာရှိ

၃-၈-၁၉၈၀

၁-၁၁-၁၉၈၄

ဦးဝင်းကို

ဦးစီးအရာရှိ

၃-၁၁-၁၉၈၄

၃၁-၁၀-၁၉၈၉

ဦးအောင်ခိုင်

ဦးစီးအရာရှိ

၁-၁၁-၁၉၈၉

၁၈-၈-၁၉၉၃

၁၀

ဦးကျော်စွာအောင်

ဦးစီးအရာရှိ

၁၉-၈-၁၉၉၃

၁၀-၇-၁၉၉၆

၁၁

ဒေါ်တင်တင်အေး

လက်ထောက်ညွှန်ကြားရေးမှူး

၁၁-၇-၁၉၉၆

၁၁-၁၁-၁၉၉၇

၁၂

ဦးကျော်စွာအောင်

လက်ထောက်ညွှန်ကြားရေးမှူး

၁၂-၁၁-၁၉၉၇

၈-၄-၂၀၀၈

၁၃

ဦးကြည်အောင်

လက်ထောက်ညွှန်ကြားရေးမှူး

၉-၄-၂၀၀၈

၁၉-၆-၂၀၁၁

၁၄

ဒေါ်နွေဦး

ဦးစီးအရာရှိ

၂၀-၆-၂၀၁၁

၃၁-၇-၂၀၁၁

၁၅

ဒေါ်မြတ်မြတ်ထွေး

လက်ထောက်ညွှန်ကြားရေးမှူး

၁-၈-၂၀၁၁

၅-၃-၂၀၁၄

၁၆

ဒေါ်ဇင်နွယ်ထွေး

လက်ထောက်ညွှန်ကြားရေးမှူး

၆-၃-၂၀၁၄

၁၀-၁၂-၂၀၁၅

၁၇

ဒေါ်နန်းဆိုင်နွန်း

ဦးစီးအရာရှိ

၁၁-၁၂-၂၀၁၅

၂၄-၂-၂၀၁၆

၁၈

ဦးတက်ထွန်းအောင်

လက်ထောက်ညွှန်ကြားရေးမှူး

၂၅-၂-၂၀၁၆

၁၉-၈-၂၀၂၀

၁၉

ဒေါ်အေးကလျာ

လက်ထောက်ညွှန်ကြားရေးမှူး

၁၉-၁-၂၀၂၁

ယနေ့ထိ

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm